မိုးကောင်း၊ ၄ ဒီဇင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားမှုများကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသည့် မိုးကောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားမှုများကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့် A အဆင့်ရရှိသည့် ဆိုင်များကို ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်သည်။

 

မိုးကောင်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချခွင့် လျှောက်ထားသည့် ဆိုင်ခန်းပေါင်း ၅၂ ဆိုင်ရှိပြီး ဆိုင်ပိုင်ရှင်၊ ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများပါမကျန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကာ စည်းကမ်းဖောက်ဖျက်ခြင်းကို စစ်ဆေးတွေ့ရှိပါက ရက်အကန့်အသတ်နှင့် ဆိုင်ပိတ်ခြင်း၊ ဒဏ်ငွေဆောင်ခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)