မိုးကောင်း ၂     ဇန်နဝါရီ 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာ၌ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်က သတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ ဘိန်းစိမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နမ္မတီးနယ်မြေ ရဲစခန်းမှ ဒုတိယရဲအုပ်ဇော်ငြိမ်း ဦးစီးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာ မဒုံးရပ်ကွက်နေ ဦးမောင်ဆိုင်(၆၃)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း ၏ခန္ဓာကိုယ်ပေါ်မှ  ဘိန်းစိမ်း ၇ ဒသမ ၅၄ ဂရမ်အား လည်းကောင်း၊ နေအိမ်အောက်ထပ်နှင့် အပေါ်ထပ်တို့မှ ဂျင်းလွယ်အိတ်၊ မြေအိုးတို့နှင့်် ထည့်ထားသည့် ဘိန်းစိမ်း ၁၀၄ ဒသမ ၉၂ ဂရမ်အား လည်းကောင်း၊ စုစုပေါင်း ဘိန်းစိမ်း ၁၁၂ ဒသမ ၅၆ ဂရမ်နှင့် ဘိန်းရှူရာတွင် အသုံးပြုသည့် ဝါးတော်ပါပြောင်း တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ ဦးမောင်ဆိုင်အား နမ္မတီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)