မိုးကောင်း နိုဝင်ဘာ ၁၅

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ဆေး တစ်ကြိမ်မှတစ်ခါမှမထိုးရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူများကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ အထက၂ ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် စနစ်တကျ စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ်အနေဖြင့်  ၅ ယောက်ထိုးဆေးလုံးရေ ၄၀၀၀ ရရှိပြီး လူဦးရေ ၂၀၀၀၀ ဆက်လက်ထိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)