မိုးကောင်း  ၈ ဇွန် 

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်  ၆ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန(၇)ခု၌ အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။

 

စာရင်းရှိ ၃၈၂၃ဦးတွင် ဖြေဆိုသူ ၃၆၁၁ ဦးအနက် အောင်မြင်သူ ၁၁၂၇ ဦး အောင်မြင်ရာ အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၂၁ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျောင်းတွင်း ဖြေဆိုသူ ၂၁၃၆ ဦးအနက် အောင်မြင်သူ ၄၇၈ ဦး၊ ပြင်ပဖြေဆိုသူ ၁၄၇၅ ဦးအနက် အောင်မြင်သူ ၆၄၉ ဦးဖြစ်ပြီး  ၆ ဘာသာဂုဏ်ထူး ၁ ဦး၊ ၃ ဘာသာဂုဏ်ထူး  ၆ ဦး၊ ၂ ဘာသာဂုဏ်ထူး  ၁၇ ဦးနှင့်  ၁ ဘာသာဂုဏ်ထူး  ၉၅ ဦး ထွက်ရှိကြောင်း သိရသည်။

 

သန်းလွင်ဦး (ပြန်/ဆက်)