မိုးကောင်း  ဒီဇင်ဘာ  ၁၃

           

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ မထိုးရသေးသူ အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား phase 5 ပထမအသုတ်ကို  မိုးကောင်းမြို့တော်ခန်းမ၊ အထက-နမ္မတီးနှင့် ပင်းဘော ကျေးရွာဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် ဆေးထိုးနှံပေး၍ အသက် ၁၂ နှစ်အထက်ကျောင်းသား ကျောင်းသူများကိုပါ ကိုဗစ်ကာကွယ်ဆေး Sinovac တစ်ပါတည်း ထိုးနှံပေးကြောင်း သိရသည်။

 

အဆိုပါဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ကိုဗစ်ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်များ ပေါင်းစပ် ဆောင်ရွက်ကြကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး အကျုံးဝင်သူဦးရေ ၁၀၂၁၄၅ ဦးရှိပြီး First Dose ထိုးနှံပြီးသူ ၄၄၉၈၁ ဦး၊ Second Dose ထိုးနှံပြီးစီးသူ ၃၃၆၄၆ ရှိသဖြင့် ၄၄ ဒသမ သုညလေး ရာခိုင်နှုန်းထိုးနှံပြီးစီးကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)