မိုးကောင်း  ၁၃  အောက်တိုဘာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းနယ်မြေရဲစခန်းမှ အတည်ပြုလူနာ ရဲဝန်ထမ်းတစ်ဦး တည်းခိုခဲ့သည့် မိုးကောင်းမြို့ အရှေ့ရပ်ကွက်မှ ဝင်းသစ္စာတည်းခိုခန်းအား အောက်တိုဘာ ၁၂ ရက် ည ၇ နာရီက Lock Down ချထားကြောင်း သိရသည်။

 

ရဲအရာရှိသင်တန်းကျောင်း (မန္တလေး)မှ သင်တန်းတက်ရောက်ပြီး ပြန်လာခဲ့သည့် လုံးခင်းနယ်မြေ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးသည် အောက်တိုဘာ ၂ ရက် ညပိုင်းက မိုးကောင်းမြို့၊ အရှေ့ရပ်ကွက်ရှိ ဝင်းသစ္စာတည်းခိုခန်းတွင် တစ်ညတာတည်းခိုပြီး လုံးခင်းကျေးရွာအခြေပြု စောင့်ကြည့်စင်တာတွင် စောင့်ကြည့်ခံဝင်ရောက်နေရာမှ အောက်တိုဘာ ၁၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ အဆိုပါ ရဲဝန်ထမ်းတည်းခိုခဲ့သည့် ဝင်းသစ္စာတည်းခိုခန်းအား Lock Down ချကာ ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)