မိုးကောင်း၊ ၂၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ရှိ လွဲပုတ်ရွာဟောင်းရေတံခွန်သည် အပေါ်ပိုင်း ရေပြင်ကျယ်ပြီး ရေစီးအားကောင်းမွန်ကာ ကျောက်တုံးကျောက်စိုင်အဆင့်ဆင့် တစ်လျှောက် တောင်ကျစမ်းချောင်းသဖွယ် စီးဆင်းနေပြီး ပြည်သူများ လာရောက် အပန်းဖြေမှုနှင့်အတူ စည်ကားလျက်ရှိသည်။
လွဲပုတ်ရေတံခွန်ကို မိုးကောင်းမှ ဆားမှော်ကျေးရွာကိုဖြတ်ပြီး ထီးချိုင့်အထိ ၁၄ မိုင်ခန့်ကို ကား/ဆိုင်ကယ်များဖြင့် နာရီဝက်၊ ၄၅ မိနစ်ခန့် မောင်းနှင်ရပြီး ထီးချိုင့်ကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ လွဲပုတ်ရေတံခွန်ရှိရာ တောင်ခြေသို့ မိနစ် ၂၀ ခန့် သွားရကြောင်း သိရသည်။
လွဲပုတ်ရေတံခွန်ကို ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်အတူ We Love Mogaung အဖွဲ့၊ ဒေသခံပြည်သူများက ဇန်နဝါရီ ၂၄ ရက်၌ ဖွင့်လှစ်ခဲ့သည်။
သန်းလွင်ဦး(ပြန်/ဆက်)


