မိုးကောင်း ဇူလိုင် ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦး မေ့ကျန်ခဲ့သော အထုပ်အတွင်းပါရှိသည့် ငွေကျပ် သိန်း ၄၀ ကျော်နှင့် ရတနာပစ္စည်း ခုနစ်မျိုးအား ဆိုင်ပိုင်ရှင် ဇနီးမောင်နှံက ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်သို့ အမျိုးသမီးတစ်ဦး ဈေးဝယ်ရောက်ရှိလာပြီး ကြွပ်ကြွပ်အိတ်အဖြူအထုပ်မှာ ဈေးဆိုင်တွင် ကျန်ရစ်ခဲ့သဖြင့် ဆိုင်ရှင် ဦးရဲဇော်လတ်က သိမ်းဆည်းထားခဲ့ကာ အထုပ်ပိုင်ရှင်အား ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ချွန်တွန်း


