မိုးကောင်း ၇   နိုဝင်ဘာ 
၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  ပင့်ဖိတ်ထားသည့် ဆရာတော်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကာ လှူဘွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။
အခမ်းအနားသို့ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဝင်းနိုင်(ကချင်မြေ)