မိုးကောင်း ၆ မေ
ကချင်ပြည်နယ် မိုးကောင်းမြို့၌ မေ ၅ ရက် ညပိုင်းက မြစ်ကြီးနား-ရွှေဘိုပြည်ထောင်စုလမ်းမကြီးနှင့် မိုးကောင်းမြို့တော်ခန်းမလမ်းဆုံတွင် ဆိုင်ကယ်နှင့်ထော်လာဂျီတိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၅ ရက်၊ ည ၇ နာရီခန့်က မိုးကောင်းမြို့နယ်၊ အလယ်ရေရှင်ကျေးရွာနေ ဦးဆန်းလင်း(၄၀ နှစ်)မောင်းနှင်ပြီး ဝင်းသန်းစိုး(၁၈ နှစ်)နောက်ထိုင် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်သည ပြည်ထောင်စုလမ်းမကြီးနှင့် မိုးကောင်းမြို့တော်ခန်းမလမ်းဆုံအရောက်တွင် မီးသွေးအိတ်များ တင်ဆောင်ကာ နတ်ကြီးကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ ဝင်းတင့်(၄၆ နှစ်)မောင်းနှင်လာသည့် ထော်လာဂျီမှ ပြည်ထောင်စုလမ်းမကြီးဝဲဘက်ရှိအောင်ဆန်းလမ်းသို့ ချိုးကွေ့စဉ် ဆိုင်ကယ်နှင့် တိုက်မိခဲ့၍ ဦးဆန်းလင်းမှာ အခင်းဖြစ်နေရတွင်သေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ထော်လာဂျီယာဉ်မောင်းနှင်သူ ဝင်းတင့်အား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)