မိုးကောင်း ၂၆ ဇန်နဝါရီ
ကချင်ပြည်နယ် မိုးကောင်းမြို့၌ ဆဋ္ဌမအကြိမ်မြောက် မြို့နယ်အဆင့်ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မိုးကောင်းမြို့ မြို့ဦးရပ်ကွက်ရှိ မဟာသမယဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များ၊ ဓမ္မစကူးလ်ကျောင်းသား/ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ အခမ်းအနားကိုဖွင့်လှစ်ပြီး ကညင်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသည့် ပင့်သံဃာတော် ၇ ပါးထံမှ ငါးပါးသီလကိုခံယူဆောက်တည်ကာ ဆရာတော်မှ ဩဝါဒတရားတော်များ ပြန်လည်ဟောကြားခဲ့သည်။
ဆက်လက်၍ မဟာသမယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တထေရာသဘ မှ ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျှဉ်း၍ ရှင်းလင်းဟောကြားကာ ဆဋ္ဌမအကြိမ်မြောက် မြို့နယ်အဆင့်ဓမ္မစကူးလ်သင်တန်းဆင်းပွဲတွင် KG တန်းမှ အဋ္ဌမတန်းအထိ ဓမ္မစကူးလ်စာပေထူးချွန်ဆုနှင့် တစ်နှစ်ပတ်လုံးကျောင်းတက်မှန်ဆု ရရှိသူများကို တာဝန်ရှိသူများမှပေးအပ်ကာ ဆဋ္ဌမအကြိမ်မြောက် မြို့နယ်အဆင့်ဓမ္မစကူးလ်သင်တန်း အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေကပြခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)