မိုးကောင်း ၂၀ မေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစီး တပ်ဆင်ရန်နှင့် အသိပညာပေးကာလကုန်ဆုံးပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နေအိမ်ပြင်ပသို့ထွက်ခွာသူများ မဖြစ်မနေ နှာခေါင်းစီးတပ်ဆင်ရန် မေ ၂၀ ရက်မှ ၂၂ ရက်အထိ ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ကားဖြင့်လှည့်လည်ကြော်ငြာခြင်းများ ဆောင်ရွက်ကာ ပညာပေးကာလကုန်ဆုံးသည့် မေ ၂၃ ရက်မှစတင်၍ နေအိမ်ပြင်ပသို့ပထွက်ခွာသူများ နှာခေါင်းစီးတပ်ဆင်အသုံးပြုခြင်းမရှိပါက ငွေကျပ်တစ်ထောင် ဒဏ်ရိုက်မည်ဖြစ်ပြီး Mask တစ်ခုပြန်လည်ပေးဝေမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


