မိုးကောင်း ၂၅ မတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေးမီးရထားလမ်းပိုင်း မိုးကောင်းနှင့် ထိုပူးဘူတာကြားတွင် မတ် ၂၅ ရက် ညနေ ၅ နာရီခန့်က ထိုပူးဘက်မှထွက်ခွာလာသည့် အဆန်ကုန် ရထား တွဲချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးကျော်လင်းဦးနှင့် လက်ထောက်စက်ခေါင်းမောင်း ဦးကျော်သူအောင်တို့ မောင်းနှင်လာသည် ့စက်ခေါင်းအမှတ် DD-1216 အမှတ် ၂၄၇ အဆန်ကုန်ရထားသည် မိုးကောင်းနှင့် ထိုပူးဘူတာကြား မီးရထားမိုင်တိုင်အမှတ် ၆၈၄/၁၁ နှင့် ၆၈၄/၁၂ ကြား အရောက်တွင် ခေါင်းတွဲနှင့် တွဲလွတ်နှစ်တွဲ စုစုပေါင်းသုံးတွဲ သံလမ်းမှချော်ကျခဲ့သည်။
အဆိုပါ ကုန်ရထားတွင် ခေါင်းတွဲအပါအဝင် စုစုပေါင်း ၁၄ တွဲ ပါရှိပြီး ချော်ကျခြင်းမရှိသည့် ၁၁ တွဲအား ထိုပူးဘူတာဘက်သို့ ပြန်လည်ဆွဲယူထားပြီး ရထားလုံခြုံရေးအား အမှတ်(၇၄)ခြေလျှင်တပ်ရင်းမှ တပ်မတော်သားများက တာဝန်ယူစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)