နတ်မောက် မေ ၁၇
မေ ၁၃ ရက်နှင့် မေ ၁၄ ရက်တို့တွင် ရွာသွန်းခဲ့သော မုန်တိုင်းကြောင့် နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ယခုအခါ ထွန်ရေးထယ်ရေးများ ထွန်ယက်ပြုပြင်ခြင်း၊ မိုးသီးနှံ စိုက်ပျိုးခြင်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။
မေ ၁၅ ရက်မှစ၍ တောင်သူများသည် ၂၀၂၃ ခုနှစ် မိုးစိုက်သီးနှံများဖြစ်သော နှမ်း၊ ပဲတီးစိမ်း၊ ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲ၊ ပဲစင်းငုံသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိပြီး အဆိုပါ သီးနှံများစိုက်ပျိုးပြီးပါက ဝါသီးနှံများ စိုက်ပျိုးကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မူမူစန်း