မိုးခေါင်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ ချီလီနိုင်ငံအလယ်ပိုင်း

၄ အောက်တိုဘာ

 

ချီလီနိုင်ငံအလယ်ပိုင်းမှာ ၁၀နှစ်အတွင်းမှာ မိုးနည်းနည်းသာ ရွာသွန်းခဲ့တဲ့အတွက်  မြစ်ချောင်းတွေ ခမ်းခြောက်ပြီး တိရိစ္ဆာန်အများအပြား သေဆုံးခြင်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာပါ ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ လူခြောက်သိန်းနီးပါးဟာ သောက်သုံးရေလိုအပ်နေတယ်လို့ သိရပါတယ်။ 

 

ချီလီနိုင်ငံဟာ လတ်တလော မိုးခေါင်မှုဒဏ် နှစ်ပေါင်း ၆၀ အတွင်းမှာ အဆိုးအဝါးဆုံး ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ပြိုပျက်သွားကို ကာကွယ်ရန် အရေးပေါ် အခြေအနေကို တာဝန်ရှိသူများက ကြေညာထားပြီး သောက်သုံးရေနဲ့ တိရိစ္ဆာန်တွေအတွက် ဆေးဝါးများပါပေးဝေဖို့ လုပ်ဆောင်နေပါတယ်။ 

 

မြို့တော် ဆန်တီယာဂို နဲ့ မြို့အပြင်ဘက် ၊ ကော့ကင်ဘို၊ ဗယ်ပါရာဇို နဲ့ အိုဟင်ဂင်စ် ဒေသတွေမှာ အဆိုးဆုံးဖြစ်ပါတယ်။ တချို့နေရာတွေမှာ လူတွေအတွက် သောက်သုံးရေပါ အခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။ တိရိစ္ဆာန်အကောင်ရေ ၁၀၀,၀၀၀ကျော် သေဆုံးခဲ့ပါတယ်။ 

 

အခုလို မိုးခေါင်းခြင်းဟာ ကမ္ဘာ့အဆုပ်လို့ တင်စားခေါ်ဝေါ်တဲ့ အမေဇုံမိုးသစ်တောဟာ တောပြုန်းလာတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်အား လျှော့နည်းလာခြင်းနဲ့ လတ်တလော တောမီးကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

 

နိုင်ငံ့စီးပွားရေးအတွက် အဓိက ထုတ်ကုန်ဖြစ်တဲ့ ကော့ပါး ထုတ်လုပ်ခြင်းပါ  အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ချီလီနိုင်ငံဟာ ကမ္ဘာမှာ ကော့ပါးသတ္တု အထွက်ဆုံး နိုင်ငံဖြစ်ပါတယ်။ ကော့ပါးထုတ်ရန်အတွက် ရေပမာဏအမြောက်အများလိုအပ်ရာ အခုအခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလာပြီလို့ ဆိုပါတယ်။ 

 

MDN
ကိုးကား - AFP