ရေဦး   ၅   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာအုပ်စု ဇီးကန်ကျေးရွာတွင် မိုးကြိုးစက်ကွင်းမိ သေဆုံးခဲ့သည့် မိသားစု၀င်နှင့် ဆေးရုံတက် ဆေးကုသမှုခံယူ နေသူများအား ဇွန် ၄ ရက် ညနေ ၅ နာရီက  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့၀င်များ၊ ဒုရဲမှုးသိန်း၀င်း၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်မောင်နှင့်၀န်ထမ်းများမှ ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးကြိုးစက်ကွင်းမိ အသက်ဆုံးရှုံးခဲ့သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသိန်းနှုန်းဖြင့်လည်းကောင်း၊ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူ ငါးဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့်လည်း‌ကောင်း  လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ ကြကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက် )