ဇီးကုန်း   ၈  ဇွန်

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ မိုးကြိုးထိမှန်သေဆုံးသူအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကံကလေးကျေးရွာရှိ သေဆုံးသူ၏နေအိမ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (မိုးညိုမြို့နယ်)ရုံးမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ကျေးရွာအုပ်ချုပ်ရေး မှူးတို့က ဇွန် ၆ ရက် ညနေက မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသော ကံကလေးကျေးရွာမှ မောင်နိုင်လင်းထက်အတွက် ထောက်ပံ့ငွေ သုံးသိန်းကျပ်ကို သေဆုံသူ၏ မိသားစုဝင်များထံ ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)