နေပြည်တော် ၊ ၈  ဇန်နဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ ရက် ၆ နာရီ ၁၅ မိနစ်တွင် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာအနီး တွင် ကျန်ကျီယန့် မောင်းနှင်ပြီး အိုက်ဆွေ၊ အိုက်ဂွန်း နှင့် အိုက်လူတို့ လိုက်ပါလာသည့် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ကီလို ၃၀ စုစုပေါင်း ငွေကျပ် သိန်း ၁,၂၀၀ တန်ဖိုးရှိ ဘိန်းဆီခဲများကိုလည်းကောင်း၊ 

ထို့အတူ ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီတွင် မိုင်းဆတ်မြို့၊ ဝိန်းနေ -ဝိန်းကောင် ရပ်ကွက် သွားလမ်း၊ သဇင်လမ်းထောင့်အနီးတွင် လော်နော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ကိုလည်ကောင်း၊ 

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်း ကျေးရွာအုပ်စု၊ ရွှေကျောက် မောကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် ရဲလင်းဦး မောင်းနှင်ပြီး မရွှေစင်ဦး(ခ)ရွှေစင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း၊ ဆက်လက်၍ ထိုနေ့ ညနေ ၄ နာရီခွဲတွင်  မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင် ကျေး ရွာအနီး၊ တာချီလိတ်-မိုင်းဖြတ်သွားကားလမ်းတွင် အားကာ မောင်းနှင်လာသည့် မော်တော်ဆိုင် ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀  တို့ကိုလည်းကောင်း၊ 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့၊ အမှတ် (၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် အောင်ဆွေ မောင်းနှင်လာသော မော်တော်ဆိုင် ကယ် အားရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်း ဆက် အရ ညနေ ၃ နာရီခွဲတွင် ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဇော်ဟိန်း ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၃,၀၃၉ ပြား ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)