မိုးကုတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

မိုးကုတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ မိုးကုတ်-မိုင်းလုံသွားကားလမ်း၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေး စခန်း၌ မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုင်းကျော်ဌေး မောင်းနှင်ပြီး မနန်းခမ်းဆွေ နှင့် သိန်းဝင်းအောင်တို့ လိုက်ပါလာသည့် TOYOTA AVANZA မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၅,၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

 

သတင်းစဉ်