မိုးကုတ် ၁၉ နိုဝင်ဘာ
မိုးကုတ်မြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း (၇/၂၀၁၉)နှင့် (၈/၂၀၁၉) သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၁၁နာရီက ကံတော်မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမြင့်ဦးက ကြက်ခြေနီ မောင်မယ်များအနေဖြင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ပရဟိတစိတ်အပြည့်ဖြင့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်သွားရန် ပြောကြားကာ မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) ဉက္ကဌ ဒေါက်တာအောင်မြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း လက်မှတ် များကိုလည်း သင်တန်းသားခေါင်းဆောင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ (မိုးကုတ်)


