မိုးကုတ်  ၃၀  ဇူလိုင်

 

မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်က ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် တာဝန်ရှိသူများက အသက်(၁၈)နှစ်ပြည့်ပြီး မဲစာရင်းတွင် မပါဝင်သူများ၊ မဲစာရင်းတွင် အချက်အလက်မှားယွင်းသူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ တွင် သတ်မှတ်ပုံစံများတောင်းယူ၍ လျှောက်ထားနိုင်ကြောင်း အသံချဲ့စက်များဖြင့် ကြေညာပေးလျက်ရှိသည်။


မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၃၇၈၅၉ ဦးရှိပြီး မဲရုံပေါင်း ၁၄၄  ရုံဖွင့်လှစ်ကာ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖြိုးမမ(မိုးကုတ်)