မိုးကုတ်  ၁၂   စက်တင်ဘာ

မိုးကုတ်မြို့ရဲ့ ဒေသအစားအစာများ စုံစုံလင်လင်ရရှိနိုင်တဲ့ နေရာတစ်နေရာကတော့ မိုးကုတ်မြို့လယ် ကန်ပေါင်နားမှာရှိပြီး ညနေ ၆ နာရီကနေ ၉ နာရီထိ ဖွင့်လှစ်ရောင်းချတဲ့ ညဈေးတန်းလေးပဲဖြစ်ပါတယ်။

အဲ့ဒီ ဈေးတန်းမှာဆိုရင် မိုးကုတ်မြို့ရဲ့ ဒေသအစားအစာများဖြစ်တဲ့ မိုးကုတ်ထမင်းပေါင်း၊ မိုးကုတ်မြီးရှည်၊ တိုဟူးပျော့၊ တိုဟူးမာ၊ ခေါပုတ် အစရှိတဲ့ အစားအစာတွေကို တစ်နေရာတည်းမှာပဲ စုံစုံလင်လင်ရရှိနိုင်တဲ့ နေရာ တစ်နေရာလေးပဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့လေးဟာဆိုင်ရင် ဗမာ၊ လီဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး အစရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းနေထိုင်တဲ့ အေးချမ်းသာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့အပြင် ကမ္ဘာကျော် ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာ မျိုးစုံ ထွက်ရှိရာ မြို့ပဲဖြစ်ပါတယ်။

သတင်း၊ ဓါတ်ပုံ - နေသူရိန်လင်း