မိုးကုတ်  ၂၇  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပတ္တမြားဈေးနှင့် နီလာဈေးတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

 

58

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ဈေးကြီးများတွင် မီးဘေးအန္တရာယ် လုံခြုံစိတ်ချရမှု၊ အရေးပေါ် အခြေအနေများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ဇာတ်တိုက်လေ့ကျင့်ခြင်းအားဖြင့် ဈေးသူဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကိုမဖြစ်ပွားခင် ဂရုစိုက်တတ်စေရန်၊ ဖြစ်ပေါ်လာပါက ငြှိမ်းသတ်တတ်ကြစေရန် သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

 

52

 

အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်း၊ စည်ပင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့များနှင့် ဈေးသူဈေးသားများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

2589

 

ဖြိုးမမ(မိုးကုတ်)