နေပြည်တော်  ၃၁  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူးထရပ်ကွက်၌ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကုတ်မြို့နယ်၊ ကျောက်ပြဿဒ်ကျေးရွာအနီး ကျောက်ပြဿဒ်-ကျောက်ဖားကျေးရွာသွား ကားလမ်းဘေး ကမ်းပါးယံမြေသားပြိုကျခဲ့ရာ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လူ/ယာဉ်များသွားလာ၍ မရကြောင်းနှင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား