မိုးကုတ်  ၂၅   ဇွန် 

 

မိုးကုတ်မြို့နယ်အတွင်း တည်းခိုရိပ်သာများ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးနိုင်ရေး စစ်ဆေးခြင်းကို ဇွန် ၂၄  ရက်နေ့တွင်ဆောင်ရွက်ခဲ့သည်။

 

မိုးကုတ်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာများ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု ပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်းဦး မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးထွန်းမင်းနိုင် ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှုး ဦးနန္ဒထွန်းနိုင်၊ မြို့နယ်ကျန်း မာရေးအရာရှိ ဒေါက်တာထွန်းလင်းကျော်၊မြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း တို့ပါ၀င်သည့် မြို့ နယ်စစ်ဆေးရေးအဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိပေးသည့် Covid- 19 virus ကာကွယ်ထိန်းချုပ်ရေးအတွက် တည်းခိုရိပ်သာသာလုပ်ငန်းများ စစ်ဆေးရေးအဖွဲ့၀င်များသည် မြို့နယ်အတွင်းဖွင့်လှစ်ထားရှိသည့် တည်းခိုရိပ်သာများကိုလှည့်လည် ကြည့်ရှုကာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လုပ်ငန်းတစ်ရပ်အနေဖြင့် မိမိတို့ တည်းခိုရိပ်သာတွင် ၀င်ရောက်တည်းခိုမည့်သူများအတွက် တည်းခိုရိပ်သာမှ အပူချိန်တိုင်းတာခြင်းအတွက် ဆောင်ရွက်ထားရှိမှု ၊mask နှင့် လက်ဆေးဂျယ်များ စီစဉ်ထားရှိမှုအခြေအနေ၊ သန့်ရှင်းသပ်ရပ်မှုနှင့် စိတ်ချရသည့် အမှိုက်စွန့်ပစ်မှု ပုံစံတို့တွင် သတ်မှတ်စည်းကမ်းချက်နှင့် ညီညွတ်မှုရှိ/မရှိ အစရှိသည်တို့ကို စစ်ဆေးခဲ့သည်။ 

 

ထို့နောက် စစ်ဆေးရေးအဖွဲ့မှ တည်းခိုရိပ်သာများတွင် ကျင့်သုံးလိုက် နာရမည့် အမှိုက်စွန့်ပစ်မှုပုံစံများ၊ ဟိုတယ်၀န်ထမ်းများအနေဖြင့် သိရှိထားရမည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ အခြေခံလက္ခဏာများ ၊ သံသယလူနာတွေ့ရှိပါက လိုက်နာဆောင်ရွက်ရမည့်ပုံစံနှင့် ချိတ်ဆက်ဆောင် ရွက်ရမည့် ဌာနနှင့် လုပ်ငန်းစဉ်များအား ဆွေနွေးလမ်းညွှန်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ဖြိုးမမ(မိုးကုတ်)