နေပြည်တော် ၄  ဧပြီ 

 

မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃ ရက် ညနေ ၄ နာရီခွဲက မိုးကုတ်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ၊ လယ်ကြီးတံတားအနီး၌ အားလုံ မောင်းနှင်လာသည့် CRV အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၁၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူယင်းနေ့ ညနေ ၃ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဝမ်တာပင်းကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာထိပ် ကျိုင်းတုံ-မိုင်းလားလမ်း၌ အိုက်ရီပန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဝမ်တာပင်း ကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာ ရှိ အားဆဲ၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေး ၁,၄၀၇ ပြားနှင့် ဘိန်းစိမ်း ၁၀ဝ ဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။ 

 

MDN