မိုးကုတ်ဝိပဿနာ အလုပ်စဉ်တရား အနှစ်ချုပ်

စာရေးသူ ဆန်းလွင် (ရှင်အာဒိစ္စရံသီ) ပြုစုရေးသားသည့် မိုးကုတ်ဝိပဿနာ အလုပ်စဉ်တရား အနှစ်ချုပ်စာအုပ် ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် မိုးကုတ်ဝိပဿနာအလုပ်စဉ်တရား စာအုပ်အမှတ်(၁)မှ အမှတ် (၃၉) အထိ၊ ကျမ်း ၃၉ အုပ်ကို အနှစ်ချုပ်၍ ဖော်ပြထားသည်။ ဤစာအုပ်တွင် ဆရာတော်ဟောကြားထားသော တရားအပုဒ်ပေါင်း ၅၀၇ ပုဒ်ပါရှိသည်။ ထိုစာအားလုံးကို တစ်ပုဒ်ချင်းအရသာခံ၍ တရားသဘောကို ထိထိမိမိသိရှိနိုင်စေရန် အနှစ်ချုပ်ရေးသားထားသည်။ အဆိုပါစာအုပ်ကိုဖတ်ရှုလျှင် မူရင်းစာအုပ်ကြီး ၃၉ အုပ်ကို ဖတ်သကဲ့သို့ တရားအရသာ ခံစားနိုင်စေရန်၊ တရားအမြင်အားလုံးကိုပါ သိနားလည်နိုင်စေရန် စာရေးသူက ကြိုးပမ်းရေးသားထားသည်။

ကြေးမုံ စာအုပ်စင်