ဂန့်ဂေါ     ၁၇     အောက်တိုဘာ

 

ဂန့်ဂေါမြို့ မြို့မရပ်ကွက် ဒက္ခိဏာရာမ ကျောင်းတိုက်တွင် မိုးကုတ်ဝိပဿနာပြန့်ပွါးရေး တရားစခန်းဖွင့်လှစ်ရန် ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော်နှင့် ကျောင်းဂေါပကအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တရားစခန်းတွင်  မန္တလေးမြို့ ရေတံခွန်တောင်ခြေ သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာမဂ္ဂင်ဓမ္မရိပ်သာ ပဓာန နာယက ကမ္မဌာနစရိယ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တခေမာစာရ အပါအဝင် သံဃာတော် ၃ ပါးတို့က တရားဘာဝနာများ ဟောကြားကြမည်ဖြစ်၍ တရားကျင့်စဉ်များကို ပို့ချသွားမည်ဖြစ်ကာ တရားစခန်းကာလမှာ အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၁ ရက်ထိဖြစ်သည်။

 

ထို့ပြင် တရားစခန်းဖွင့်လှစ်ခြင်းအပါအဝင် ကုသိုလ်ယူလှူဒါန်းလိုသူများသည် ဖုန်း ဝ၉၂၅၆၀၉၀၄၅၅ သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

 

(၁၄၄)