ကောလင်း  ၁၁  စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့လုံးကျွတ် စုပေါင်းအမှိုက်ကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။ ကောလင်းမြို့၌ တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက် သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် Clean Kawlin လှုမှုရေးအသင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 


၎င်းအပြင် မြို့နယ်အတွင်းရှိ ရပ်ကွပ်နှင့် ကျေးရွာများ၌ မိမိတို့ပတ်ဝန်းကျင်တွင် အမှိုက်ကောက် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)