ကျောက်ပန်းတောင်း စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာ ဈေးကြီးနှင့် တမ္ပဝတီဈေးကြီးတို့ကို တစ်လကျော်ကြာ ပိတ်ထားခဲ့ရာမှ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီမှ စတင်၍ မွန်းလွဲ ၁ နာရီ အထိ ဖွင့်လှစ်ရောင်းချခွင့်ပြုလိုက်ပြီး စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ အခြားကုန်ပစ္စည်းဆိုင်များ မပါဝင်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ၊ မြို့မဈေးကြီးနှင့် တမ္ပဝတီဈေးကြီးတို့အား စက်တင်ဘာ ၄ ရက်မှစ၍ စားသောက်ကုန်နှင့် ဆေးဝါး အရောင်းဆိုင်များကို နေ့စဉ် နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ မြို့မဈေးကြီးအနီးဝန်းကျင် လမ်းမများတွင် ပျံကျဈေးသည်များ ရောင်းချခွင့်မပြုကြောင်းနှင့် ပျံကျဈေးသည်များအနေဖြင့် တမ္ပဝတီဈေးသစ်ကြီးရှိ သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်လပ်စွာ ရောင်းချနိုင်ရန် စီစဉ်ထားရှိပေးထားကြောင်း မြို့မစည်ပင်သာယာဈေး တာဝန်ခံ ဦးအောင်ကျော်နိုင်၏ ပြောပြချက်အရ သိရသည်။
နေအောင်(ပြန်/ဆက်)


