မိုးမောက်၊ နောင်ချို၊ ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဖေဖော်ဝါရီ       

 

မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ချစ်ကြည်ရေးတံတားအနီးတွင် နေအောင် (ခ) ကိုလင်း မောင်းနှင်ပြီး ဘရန်အောင် လိုက်ပါလာသော HARRIER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ဝ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀ဝ နှင့် လက်ကိုင်းဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ယနေ့နံနက် ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အောင်ဘိုထွန်း (ခ) သံချောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀  ကိုလည်းကောင်း။

 

6652

 

ထို့အတူ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးသွားလမ်း၊ နောင်ဗျက်ကျေးရွာ အဝင်လမ်း၌ လျှိုကျိန်နိမ့် (ခ) ကျော်အေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)