မိုးမောက် ၉ ဇွန်

           

ကချင်ပြည်နယ် မိုးမောက်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းကို ဇွန်လ (၉) ရက်နေ့ နံနက် ၉ နာရီခွဲမှ မွန်းတည့် (၁၂)နာရီခွဲအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ (National Volunteer Steering Unit) အစီအစဉ်ဖြင့် ခရိုင်လူမှုဝန်ထမ်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်မှုဖြင့် သင်တန်းစတင်ခဲ့ကြောင်းနှင့် သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့်လုပ်ငန်းလမ်းညွှန် ပြောဆိုဆက်ဆံ ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှု၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်သုံးစွဲခြင်း စသည်တို့ကို မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာ ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးနေထက်စံက မိုးမောက်၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်မြို့များမှ သင်တန်းသားစုစုပေါင်း (၃၈)ဦးကို ပို့ချခဲ့ကြောင်း သိရှိရသည်။

 

လွန်းနန်းထွေး