မိုးမောက် ၂ မေ
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် ဂွယ်ကထောင်ကျေးရွာတွင် မေလ ၁ ရက် နံနက် ၉ နာရီခန့်တွင် အိမ်ရှင် ဦးနန်းဇိန်းတူး (၅၅)နှစ်ပိုင်ဆိုင်သော (၁၄×၂၁)ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၁)ထပ်လူနေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအိမ်ထရံသို့ ကူးစက် စတင်လောင်ကျွမ်းခဲ့ပြီး (၉)နာရီ (၃၅)မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ရာသို့ မြို့နယ်နှင့် ကျေးရွာ မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့များမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၁)ထပ်အိမ် မီးလောင်ဆုံးရှုံးခဲ့ရပြီး ၊ လူနှင့်တိရိစ္ဆာန် သေကြေပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။
လွန်းနန်းထွေး