မိုးမောက်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် ၈  စက်တင်ဘာ


မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ လွယ်ဂျယ်-မိုးမောက်သွားကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီးတွင် ဆန်အောင် မောင်းနှင်ပြီး လဘန်ယော်ဆန့် လိုက်ပါလာသည့် Wish အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၇၃၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်။


ထို့ကြောင့်  ဆန်အောင်(၂၅)နှစ်၊ လဘန်ယော်ဆန့်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

MDN