မိုးမောက် နိုဝင်ဘာ  ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ကျေးရွာရေရရှိရေးလုပ်ငန်း စနစ်တကျ ထိန်းသိမ်းလည်ပတ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းတင့် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားပြီး ဦးလဇိန်အောင်နော် အငယ်တန်း အင်ဂျင်နီယာ- ၂ မှ သင်တန်းနည်းပြ အဖြစ်တာဝန်ယူဆောင်ရွက်၍ တိန်းဘုရားကျေးရွာ၊ နောင်မကောက်ကျေးရွာ၊ နောင်းကွမ်ကျေးရွာတို့မှ ကျေးရွာရေရရှိရေးလုပ်ငန်းကော်မတီဝင်(၅)ဦး တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီထိ ကျေးရွာရေရရှိရေးလုပ်ငန်း စနစ်တကျ ထိန်းသိမ်းလည်ပတ်ခြင်း ဆိုင်ရာများ သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)