မိုးမောက် နိုဝင်ဘာ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးခင်မောင်ဝေက ဦးဆောင်၍ ကိုဗစ်− ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး ရှေးဦးပြုစုခြင်းသင်တန်းကို မိုးမောက်မြို့ မြို့နယ်ကြက်ခြေနီရုံးတွင် နိုဝင်ဘာ ၃ ရက် နံနက်၉နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးခင်မောင်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးလှိုင်ကြူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြအဖြစ် မြို့နယ်ကြက်ခြေနီအသင်း ဒု−တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ခိုင်က (FIRST AID FOR COVIDE-19) ကိုဗစ်−၁၉နှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း နည်းစနစ်များ လက် စွဲစာအုပ်မှ သင်ခန်းစာ(၈)ခုဖြစ်သော ကိုဗစ်−၁၉ကပ်ရောဂါ ၊ ကိုဗစ်−၁၉ကာလအတွင်း ရှေးဦးပြု စုခြင်း ၊ ရှေးဦးပြုစုသူများလိုက်နာဆောင်ရွက်ရမည့် အချက်များ ၊ လူနာဆန်းစစ်နည်းစနစ်များ ၊ အပူလောင်ခြင်း အရိုးကျိုးခြင်း ပြုစုနည်း ၊ သတိလစ်သောလူနာပြုစုနည်း ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ရှေးဦးပြုစုခြင်းဆေးအိတ်တွင် ထပ်မံထည့်သွင်းရမည့်ပစ္စည်းများ စသည့် သင်ခန်းစာများကို သင်တန်းသား/သူ ၃၀ဦးတို့အား ညနေ ၄ နာရီအထိပို့ချသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
သဲစုမိုး (ပြန်/ဆက်)


