မိုးမောက် ၂၈ ဇန်နဝါရီ
ကချင်ပြည်နယ် ၊ မိုးမောက်မြို့ အမက(၃) မူလွန် ကြေးနန်းကျောင်းတွင် ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဉပဒေဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရာ ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကောင်းမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။
ဆက်လက်ပြီး ဒု−ရဲမှူးမျိုးသန်းက သက်ငယ်မုဒိမ်းနှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်း ဟောပြောခြင်းနှင့် မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များအကြောင်း ဟောပြောပြီး ကျောင်းသား ကျောင်းသူများမှ သုတရသစာပေများကို ဖတ်မှတ်လေ့လာကာ ပြသထားသော နံရံကပ် ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်ဆက်


