မိုးမောက်၌  PPE ဝတ်စုံ ငါးစုံနှင့် အပူချိန်တိုင်းကိရိယာနှစ်ခု လှူဒါန်းလက်ခံရရှိ

မိုးမောက် ၂   ဧပြီ


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့မဈေးအရှေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ဧပြီ ၁ ရက်နေ့ နံနက် ၇ နာရီတွင် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပရာ လွယ်ဂျယ်(မ.က.ဖ)ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်က မိုးမောက်မြို့နယ်အတွက် PPE ဝတ်စုံ(၅) စုံ အပူချိန်တိုင်းကိရိယာ(၂)ခု ပေးအပ်လှူဒါန်းခဲ့သော အဆိုပါပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး နံနက် ၉ နာရီတွင် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း လက်ဆေးကန်များဆောင်ရွက်ထားခြင်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


လွန်းနန်းထွေး