မိုးမိတ်၊ ၁၆ ဒီဇင်ဘာ
နိုင်ငံတော်အစိုးရမှ ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှလှနွယ်က မိုးမိတ်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံပြီး စီပွားရေးကို ဖော်ဆောင်နေသော မြို့ဖြစ်သည်နှင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးသည်နှင့်အညီ မျိုးစေ့ထုတ် တောင်သူများအသင်း တည်ထောင်ထားသည့် မြို့နယ်တစ်ခုလည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး RS-CS မျိုးစေ့ထုတ် တောင်သူများအား အဆင်ပြေစေရန်တွက် ထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို ယနေ့တွင်လည်း ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့်အကျိုးဆောင် တောင်သူများအား ဂျစ်ပဆန် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက မိုးမိတ်မြို့နယ်သည် စိုက်ပျိုး ရေးကို အဓိကထားပြီး အသက်မွေးဆောင်ရွက်သည့်မြို့နယ်ဖြစ်ပါတယ် တောင်သူလယ်သမား အကျိုးစီးပွားကို မြှင့်တင်ရေးကို အဓိကထားဆောင်ရွက်ပြီး မိရိုးဖလာစိုက်နည်းစနစ်တွေမဟုတ်ဘဲ ဆန်းသစ်လာတဲ့နည်းပညာ များနှင့်အညီ စံပြကွက်များ စမ်းသပ်ကွက် စိုက်ပျိုးခြင်း၊ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် များ ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သတင်းမီဒီယာတွင်လည်း အပလီကေးရှင်ဖွင့်ပြီး အိုင်တီနည်း ပညာများဖြင့်လည်း အလွယ်တကူ လေ့လာနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍများကို လည်း သိရှိလိုပါက မိမိတို့ရုံးရှိ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မိမိတို့ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင် တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် တောင်သူများ ကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မိုးမိတ်သား


