မိုးမိတ်မြို့၌   ကိုဗစ်-၁၉ ရောဂါ ဖြစ်စဉ်ကာလအတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်

မိုးမိတ်   ၃  ဧပြီ  

           

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်လျက်ရှိရာကာလအတွင်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစား သောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးအတွက်  ဧပြီ ၃ ရက်  နံနက်ပိုင်းတွင် ကွင်းဆင်း ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

Coronavirus Disease 2019 (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်နှင့်မြို့နယ် အဆင့် လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီဇော် မြို့နယ် စည်ပင် သာယာရေးဦးစီးမှူး ဦးတင်ရှိန်နှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များသည် စည်ပင်သာယာဈေး အတွင်းရောင်းချလျက်ရှိသော ကုန်စုံဆိုင်များမှ ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးနှင့် ဈေးနှုန်းများ မတန်တဆ တက်၍ ရောင်းချခြင်းများ မပြုလုပ်ကြရန်အတွက် မေတ္တာရပ်ခံခဲ့ကြကြောင်း သိရသည်။

 

2

 

ကျွန်မတို့ဆိုင်ကတော့ ဆား၊ဆီ အပါအဝင် အခြေခံစားသောက်ကုန်များကို ရောင်းချလျက်ရှိပါတယ်၊ ကြက်သွန်ဈေးနှုန်းကတော့ အရင်ကထက် ဈေးကျပါတယ်။ ကြက်ဉကတော့ ၅ ကျပ် တက်ပါတယ် ကျန်တဲ့စားကုန်များတော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲ ရောင်းချလျက်ရှိပြီး ဈေးနှုန်း မတန်တဆတက်၍ ရောင်းချခြင်းမရှိပါဘူးဟုဈေးသည် ကုန်စုံရောင်းချသူ ဒေါ်မိကာက ပြောကြားသည်။

 

မိုးမိတ်မြို့နယ် စည်ပင်သာယာဈေးတွင် ဒေသ ဆန် (ပထမတန်း)တစ်ပြည်လျှင် ၁၄၀၀ကျပ် ၊ ပဲဆီ တစ်ပိဿာ ၃၀၀၀ ကျပ် ၊ ပဲဆီသန့် တစ်ပိဿာ ၈၀၀၀ ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၂၃၀၀ ကျပ် နှင့် ဆား တစ်ပိဿာ ၆၀၀ ကျပ်တို့ဖြင့် နေ့စဉ်ရောင်းချလျက်ရှိပြီး Hand Sanitizer တွေကဈေးတက်ပြီး  Mask တွေကတော့ ဆိုင်တိုင်းလိုလို ပြတ်လပ်နေပါတယ် ဟု ဈေးခေါင်း ဦးဝင်းမောင်ကပြောသည်။

           

မိုးမိတ်သား(စည်သူဌေး)