မိုးမိတ် ဇန်နဝါရီ ၂၇  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်တန်းရပ်ကွက် ဂူတော်သစ်ဘုရားတွင် ရောင်တော်ဖွင့်ခြင်း နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦအောင်ဘော် ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ  စုပေါင်း၍ ဘုရားစေတီပုရဝဏ်အတွင်း ဘုရားရေသပ္ပါယ်ခြင်း ၊ ရောင်တော်ဖွင့်ခြင်း ၊ စေတီတော် ရင်ပြင်အား တံမြက်လှည်းကုသိုလ်ယူခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ ချုံနွယ်များနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)