မိုးမိတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘော်ဒေ(လီဆူ)ကျေးရွာနှင့် ဟွေလိပ်ကျေးရွာများမှ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များအား စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းနှင့် ပတ်သက်သော ငွေစာရင်းပုံစံများ၊ ငွေစာရင်းဖြည့်သွင်းခြင်းနှင့် ထိန်းသိမ်းနည်းလမ်းများကို သင်ကြားပို့ချပေးကြပါသည်။
အဆိုပါသင်တန်းကို မိုးမိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘော်ဒေ (လီဆူ)ကျေးရွာနှင့် ဟွေလိပ်ကျေးရွာများမှ မြစိမ်ရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်(၁၄)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


