မိုးမိတ်မြို့နယ်၌ တရားမဝင်ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

 

မိုးမိတ်မြို့နယ် နယ်မြေခံတပ်ရင်းနှင့် မိုးမိတ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်ပိုင်းတွင် မိုးမိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ရာ မိုင်းနင်းကျေးရွားအနီး၌ ကျွန်းသစ်လုံးစုစုပေါင်း (၁၇၉)လုံး (၃၆ ဒသမ ၉၁၀) တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ကိုမျိုး