မိုးမိတ်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် တရားမဝင်ကျွန်းသစ်နှင့် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၈  ဖေဖော်ဝါရီ  

 

မိုးမိတ်မြို့နယ်အတွင်း နယ်မြေခံတပ်နှင့် သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် မိုင်းနင်းကျေးရွာ၏အရှေ့တောင်ဘက် (၄)မိုင်ခန့်ကွာဝေးသောနေရာ၌ ကျွန်းသစ်/ခွဲသား (၁၁၇)လုံး/ချောင်း၊ ၁၂ ဒသမ ၇၁၁၀ တန်နှင့် တရုတ် အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။ 

 

52516533_23

 

အလားတူ ပန်းတောင်းမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၆ ရက်က နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၁၅၅/၆)ရှိ ကြိုးပြင်ခုတ်ကွင်း (၁၃၁)အတွင်းမှ ပိတောက်ခွဲသား(၁၀၉)ချောင်း၊ ၉ ဒသမ ၆၁၁ တန်၊ အင်ဂျင်(၂)လုံးနှင့် စက်ခုံ(၂)ခုတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။ သို့ပါ၍ ဖမ်းဆီးရမိသောပစ္စည်းများအား လုံခြုံရာသို့ သယ်ယူသွားမည်ဖြစ်ပြီး တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

 

မောင်လူမော်

 

53046758_