မိုးမိတ်   အောက်တိုဘာ   ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ စက်တင်ဘာ ၂၄ ရက်မှစတင်၍ လည်ပတ်ခဲ့ရာ အောက်တိုဘာ ၈ ရက်အထိ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၄၁ လုံး ထုတ်လုပ်နိုင်ခဲ့ပြီး မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံ၊ မဘိမ်းပြည်သူ့ဆေးရုံနှင့် ပရဟိတလူမှုကူညီရေးအသင်းများအား အခမဲ့ဖြည့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၅၀ ခန့်ရှိပြီး တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး လေးလုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ နာရီ မောင်းနှင်၍ လီတာ ၄၀ ဆံ့ အိုးအလုံး ၄၀ ထုတ်လုပ်နိုင်သည်ဟု အောက်ဆီဂျင်စက်ရုံတွင် တာဝန်ထမ်းဆောင်သူ ဦးအောင်မျိုးမင်း က ပြောပြသည်။

မိုးမိတ်သား(ပြန်/ဆက်)