မိုးမိတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းစဉ်များအားအရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂၄ရက် နံနက် ၇ နာရီအချိန်က ရွှေဇာလီကျေးရွာတွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်း နှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသော ဖြတ်သန်းသွားလာ သူ (၇၀) အား RDT စနစ်ဖြင့် အခမဲ့စစ်ဆေးပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူ (၃၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှာခေါင်းစည်း (mask)များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်ဘော် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထိုသို့စစ်ဆေးရာတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ (၁) ဦးတွေ့ရှိရာ မြို့နယ်ကိုဗစ် ၁၉ ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)


