မိုးမိတ်  ၂၆   အောက်တိုဘာ 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ဒုမဲရုံမှူး ၊မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးမင်းလွင်က   မဲရုံမှူး၊ ဒုမဲရုံမှူး ၊မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲမတိုင်ခင် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင်မှု များ၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်နှင့်ဆောင်ရန်၊ ရှောင်ရန်များ ၊ မသန်စွမ်းသူများ၊ အကူအညီ လိုအပ်နေသူ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း ၊ မဲရေတွက်ခြင်း ၊ပယ်မဲ၊ ခိုင်လုံမဲ ပေးခြင်းတို့ကို  လက်တွေ့သင်တန်းပေးပို့ချ သွားမည်ဟု ပြောကြားခဲ့သည်။

 

ယခုဖွင့်လှစ်သောသင်တန်းတွင် မိုးမိတ်မြို့နယ်ရှိ မဲရုံပေါင်း (၆၈ )ရုံတွင် တာဝန်ထမ်း ဆောင်မည့် မဲရုံမှူး၊ဒုမဲရုံမှူး (၁၉၄) ဦး တက်ရောက်ကြမည်ဖြစ်ပြီး  ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုဖြစ်ပွားနေစဉ် ကာလအတွင်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား များအား သုံးသုတ်ခွဲ၍ ပို့ချပေးသွားမည်ဖြစ်ကြောင်း ၊ မိုးမိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၄၇၀ဝ၀  ကျော်ခန့် ရှိကြောင်း သိရသည်။

 

 မိုးမိတ်သား(စည်သူဌေး)