မိုးမိတ်  အောက်တိုဘာ ၁၆ ရက်

        

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံး ခဲ့ရသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက “ မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မြေဧကမှာ (၄၄၈.၅၇)ဧကရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည့်အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် တစ်ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပျက်စီးဆုံးရှုံးမှုများအပေါ် ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအား ပထမအကြိမ်အဖြစ် မျိုးစေ့များ  ထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာများကို အသိပေးဟောပြောခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)