မိုးမိတ်၊ ၁၈ ဒီဇင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များသည် မြို့မဈေးနှင့် ကုန်စိမ်းနှင့်သားငါးယာယီဈေးတို့ရှိ သားငါး ဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊မရှိတို့ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းမြတ်ပိုင်၊ မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ တားဆီးနိုင်ရေး ကော်မတီဝင်များက သားငါးဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိနိုင်ရေးနှင့် စည်းကမ်းချက်များကို မိမိတို့ကိုယ်လိုက်နာ ကျင့်သုံးပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ မရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြရန် အထူးအရေးကြီးပါသဖြင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)


