မိုးမိတ် ၁၁ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ခရီးသွားမိဘပြည်သူများ၊ ပြည်သူလူထုများ စိတ်အေးချမ်းသာစွာ ခရီးများသွားလာနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ မော်တော်ယာဉ်အသင်းများမှ ခရီးသည်တင်ယာဉ်များအား မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရုံးတွင် စုဝေးစေပြီး ပိုးသတ်ဆေးဖျန်းခြင်းကို စစ်ဗျူဟာအဖွဲ့(အခြေချ) မိုးမိတ်နှင့် မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ ဇွန် ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

 

“ကျွန်တော်တို့ မြို့နယ်အတွင်းရှိ ကားလိုင်းများကို ဇွန်လ ၁ ရက်နေ့က စတင်ပြန်လည်ပြေးဆွဲပါတယ်၊ ခရီးသည်ယာဉ်များမထွက်ခွာမီ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များ၊ Hand Gel ဘူးများ ဆောင်ထားစေပြီး ကားပေါ်တက်တာနဲ့ လက်ဆေးစေပါတယ်၊ နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်းတစ်ခုစီပေးပါတယ်၊ ခရီးသည်များကိုလည်း အရင်က နှစ်ယောက်စီးခုံအား တစ်ယောက်ထဲသာ ထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ထားပါတယ်”ဟု ကျားခေါင်း မော်တော်ယာဉ်အသင်း အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောသည်။

 

မိုးမိတ်သား(စည်သူဌေး)